Web hosting for Myanmar
There are very few articles written about in Myanmar language. If there is any article explaining about in Myanmar, they are not well written and not well explained. In this article and the articles that follow, I will try to explain, in simple terms, the basics of for Myanmar people. Most IT professionals in Myanmar are quite good at writing programs or basic html web pages, but most of them have very little or few experience in . Most IT training schools and programs in Myanmar that teach web site creation focus their teaching in high level html and programming languages rather than easy development of web sites. I am not an IT professional but I successfully run a number of websites using the Content Management Systems (CMS). They are easy to set up, easy to develop and easy to run and modify. You don’t even need to know any html or php or any programming to run a website (but knowing them helps you). I will also explain how to choose your webhost, what are you look for in your web host and what are the limitations imposed by your webhosts (sometimes, hidden in complicated “term of use”). After all these articles, you will be able to set up and run your own website successfully in a few minutes.
The following article is intentionally written in Burmese (Myanmar language) using Zaw Gyi font.
အခု ဆောင်းပါးက web hosting နဲ့  ပါတ်သက်ပြီး ရှင်းပြတဲ့ ပထမဆုံး ဆောင်းပါးပါ။ ယခု ဆောင်းပါးမှာ html တို့ ၊ php တို့ လို ပညာရပ် ဆိုင်ရာတွေ မပါပါဘူး။ သိချင်ရင်တော့ အောက်ပါ နေရာမှာ ဗမာလို ဖတ်ရှုနိုင်ပါတယ်။
www.phpmyanmar.com
Web Hosting ဆိုတာ ဘာလဲ
Web Hosting ဆိုတာ တော်တော် များများကတော့ သိပြီးသား ထင်ပါတယ်။ ဒါပေမယ့် မသိသေး သူတွေအတွက် ဒီနေရာမှာ နည်းနည်း ပြန်ရှင်းပြ ပါ့မယ်။
အင်တာနက်မှာ ကိုယ့် Web site တင်ဖို့ ဆိုတာ တစ်ယောက်ယောက်က host လုပ်မှပါ။ ဒီလို host လုပ်ဖို့  hosting provider လိုပါတယ်။ Hosting provider ဆိုတာက web hosting service ပါပဲ။ နဲ့  တောက်ရှောက် ချိတ်ထားတဲ့ computer server တွေ ရှိပါတယ်။ web site အတွက် ပရိုဂရမ်တွေ ရှိပါတယ်။ အားလုံး အဆင်သင့် ပါ။ ဒါကို host လုပ်တဲ့ company က ဈေးနှုန်း သတ်မှတ်ပြီး ရောင်းပါတယ်။ website တင်ချင်တဲ့ လူက ဒါကိုဝယ်ပြီး web site တင်တာပါ။ hosting company က ဆာဗာ ကို ပုံမှန် အလုပ်လုပ်အောင် တာဝန်ယူ ပါတယ်။
ဒါက သူ့  အခြေခံပါ။ ဒါပေမယ့် လက်တွေ့ မှာ ဒီ့ထက် ပိုရှုပ်ပါတယ်။ Web hosting provider တိုင်းက ကိုယ်ပိုင် ဆာဗာ မရှိပါဘူး။ အများအားဖြင့် တစ်ခြား company တစ်ခုက ပိုင်တဲ့ ဆာဗာကို ငှားသုံးတာပါ။ ဆာဗာတွေ ချည်း ငှားစားတဲ့ company တွေရှိပါတယ်။ ဒီ company က ဆာဗာတွေ internet နဲ့  ချိတ်ပြီး တစ်လုံး ဘယ်လောက်ဆိုပြီး ငှားစားပါတယ်။ သူတို့ ကို Data center တွေလို့  ခေါ်ပါတယ်။ အဲဒီ ဒေတာစင်တာ တွေက ဆာဗာ တွေကို web hosting company ကြီးတွေက ငှားပြီး web server တွေ run ပြီးတော့ web site တွေ ရောင်းစားပါတယ်။ တစ်ခါ သူတို့ ဆီက reseller လို့ ခေါ်တဲ့ လုပ်ငန်းငယ်လေးတွေက ပြန်ဝယ်ပြီး တစ်ဆင့်ပြန် ရောင်းပါတယ်။ ဥပမာ အခု ဗမာလေး ဆိုက်က reseller site ပေါ်မှာ host လုပ်ထားတာပါ။ (Reseller လဲ ကျွန်တော်ပါပဲ၊ ပြန်ရောင်းဖို့  မဟုတ်ပါ၊ အခြား ဆိုက်တွေပါ တင်လို့ ရအောင် reseller ဝယ်ထားတာပါ။)
ဒီတစ်ပတ်တော့ ဒီလောက်ပါပဲ။ နောက်အပတ်မှ web hosting ဘယ်လို ရှာမလဲ ဆိုတာ ဆက်ပြောပါ့မယ်။
Author: Bamarlay
Bamarlay - Myanmar man is a blogger from Myanmar, currently living in Thailand.
5 thoughts on “Web hosting for Myanmar”
  1. DNS ဆာဗာချင်း ကွာပါလိမ့်မယ်။ ပုံမှန်က ၂၄ နာရီက ၄၈ နာရီ ကြာတယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် တချို့ ဒီအန်အက်စ်တွေ ၀ယ်ပြီးပြီးချင်း ချက်ချင်းရပါတယ်။
    shared hosting တွေထဲမှာတော့ သုံးဖူးသမျှထဲမှာ ဟို့စ်ဂေတာက အကောင်းဆုံးပဲ။ dedicated လုပ်ချင်ရင်တော့ ဈေးတော်တော်များတယ်လို့ပြောလို့ရတယ်၊ ဆားဗစ်တော့မသိဘူး။ dedicated ကိုတော့ တခြားနေရာကပဲ ဗီပီအန်နဲ့ ဆွဲထားလိုက်တယ်။ ဈေးပိုပေါလို့။
    ဒါနဲ့ Reseller က Enom ကို သုံး နေတာလား။ Enom ထက် ဈေးပိုသက်သာပြီး ဆားဗစ်လဲ ပိုကောင်းတဲ့ Reseller တွေ အများကြီး ရှိနေပါပြီ။ ရှာကြည့်ပါဦး။
  2. ဆောရီးဗျာ .. ကွန်မန့်တခု နေရာမှားပေးလိုက်တယ်.. ဖျက်လိုက်ပါဦး ။
    တခုမရှင်းလို့ ဘာလို့ Reseller လုပ်ပြီး တခြားဆိုဒ်တွေ တင်ရတာလဲ? ဘယ်လိုမျိုး ပြောချင်တာလဲ။ Reseller ကနေ ရောင်းလိုက်ရင် ကိုယ်နဲ့ မဆိုင်တော့ဘူး မဟုတ်လား .. ၀ယ်တဲ့သူမှာ ကိုယ်ပိုင် ဒိုမိန်းနဲ့ ဟို့စတင်နဲ့ သက်သက်ရှိသွားပြီလေ (ဟို့စတင်ပလန်ပါ ၀ယ်မယ် ဆိုရင်ပေါ့. ဖရီးဟို့စ်တွေပါ ပေးနေတဲ့ Reseller တွေ ရှိနေပြီပဲ) …
    တခြားဆိုဒ်တွေ တင်ချင်ရင် ကျနော်လုပ်တာတော့ .. dedicated ကနေ ယူပေးတယ်။ ဒါမှမဟုတ် ကိုယ့်ဟို့စ်ထဲကနေ အက်ဖ်တီပီ ခွဲပေးလိုက်တယ်။ အဲဒီလိုကော မရဘူးလား။
  3. Dedicated မသုံးပဲ Reseller သုံးရတာကတော့ ဈေးသက်သာလို့ပာ။ Dedicated က ဈေးကြီးတယ်လေ။ Reseller က ရောင်းလိုက်ပေမယ့် control က ကိုယ့်လက်ထဲမှာ အပြည့်ရှိပာတယ်။ အချိန်မရွေး ဖျက်ပြစ်လို့၊ ပြင်လို့ ရပာတယ်။ Full control က reseller လက်ထဲမှာပာ။ ကိုယ့် host ထဲက ftp ခွဲပေးရင် မတှော ကိုယ်ရောင်းထာတဲ့လူက တစ်ခုခုလုပ် လို့ ip ban လုပ်ခံရရင် ကိုယ့်ဆိုဒ်ပာ ban လုပ်ခံနေ ရမှာ စိုးလို့ပာ။ ကွန်မန့် စိတ်ရှည်ရှည် ရေးပေးတဲ့ အတွက် ကျေးဇူး အထူး တင်ပာတယ်။
Leave a Reply