Miscellaneous

Trapped in Chin Hills

It is pretty boring in . No where to go (except trekking the same trail again and again every day), nothing to enjoy (except the same scene again and again), and worst of all, no internet at all. In addition to that, it is excruciatingly cold. During winter months, the temperature sometimes drops to as low as 4 to 5 degree Celsius, making the nights unbearable. I have to wear three sweaters, three blankets, a pair of gloves and socks, and a wool cap above my head every night. Even then, the cold is unbearable. The wind also blows quite strong, and the sound of the wind blowing through the pine forest is quite menacing to the weak souls. Even during the day, we have to use charcoal stoves to make us warm. And when it rains in winter, the cold becomes unthinkable. The whole town is covered in thick fogs, reducing the visibility to just a few feet. Really feel like above the clouds. What a harsh and cruel weather it is!

I wrote this one on the night of 16th of November 2006, while in Chin Hills.

ချင်းတောင်ပေါ်မှာ နေရတာ အရမ်း ပျင်းစရာ ကောင်းလှပါတယ်။ ဘယ်မှလဲ သွားစရာ မရှိ၊ ပျော်စရာ ပါးစရာ လဲမရှိ၊ အင်တာနက် လဲမရှိ (အဲဒါက အဆိုးတကာ့ အဆိုးဆုံး ပါပဲ) တော်တော် ပျင်းစရာ ကောင်းပါတယ်။ ဒီကြားထဲ ချမ်းကလဲ ချမ်းသေး။ ဆောင်းတွင်း ဒီဇင်ဘာ လဆို အပူချိန်က (အအေးချိန်ဆို ပိုမှန်ပါတယ်) ၄ – ၅ ဒီဂရီ စင်တီဂရိတ် လောက်ပဲ ရှိတာဆိုတော့ ညညတွေဆို မခံနိုင်အောင်ကို ချမ်းလှတာပါလား။ အနွေးထည်က သုံးထပ်၊ ဂွမ်းစောင်က နှစ်ထပ်၊ ဂွမ်းကပ်က တစ်ထပ်၊ လက်အိတ်စွပ်၊ ခြေအိပ်စွပ်၊ ခေါင်းစွပ် စွပ်၊ ဒါလဲ မခံနိုင်အောင် ချမ်းလှပါတယ်။ လေကလဲ တဝှုးဝှုးနဲ့ တချိန်လုံး တိုက်နေတာပါ။ ညညဆို ထင်းရူးတော တွေထဲ ဖြတ်ပြီး လေတိုက်တဲ့ အသံဟာ လေကြီး မိုးကြီး ကျနေသလား အောက်မေ့ရပါတယ်။ အရမ်းပဲ စိတ်ချောက်ချား စရာ ကောင်းလွန်းလှပါတယ်။ ချမ်လွန်းလို့ နေ့လယ်ခင်းတောင် မီးလှုံရင်း အလုပ်လုပ်ရပါတယ်။ ဒီကြားထဲ ဆောင်းတွင်း မိုးရွာလိုက်လျှင်တော့ အရမ်း အရမ်းကို ချမ်းတော့ တာပါပဲ။ မှိုင်း (တောင်ပေါ်မှာ တိမ် (သို့) မြူ တွေကို ခေါ်တာပါ) တွေ တိုက်လာပြီ ဆိုလျှင်လဲ ဘာဆို ဘာမှ မမြင်ရတော့ပါဘူး။ ပေ ၂၀ – ၂၅ ပေလောက်ဆို ဖြူဖြူဖွေးဖွေး တွေပဲ မြင်ရပါတော့တယ်။ တိမ်တွေပေါ် ရောက်နေသလိုပေါ့။ တကယ်ကို ဆိုးရွားလှတဲ့ ရာသီဥတု ပါလားနော်။

ဒီစာကို ချင်းတောင်မှာ ရှိတုံး ၁၆ နိုဝင်ဘာ ၂၀၀၆ ညမှာ ရေးပါတယ်။

Technorati Tag :

Do you like this post? Perhaps you might want to subscribe to my blog.

some posts that may be related

speak up

Add your comment below, or trackback from your own site.

Subscribe to these comments.

Be nice. Keep it clean. Stay on topic. No spam.

You can use these tags: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <s> <strike> <strong>

*Required Fields

Spam Protection by WP-SpamFree