Good Shan Noodle Shops in Yangon

If you want to have good Shan noodle in Yangon, go no other than “999” Shan Noodle on 34th Street, Mid Bloc (where the City Hall is situated). The restaurant is quite clean and tidy, and sells good quality food. They also provide English language menu so it is quite convenient to bring foreigner freinds there. The noodle is less oily, thus quite palatable to the foreigners. Shan Sour Rice here is quite excellent.

Another Shan noodle shop worth mentioning is “Shwe Ne Sat”, situated on Bo Sein Mhan Street in Tamwe Township. Food here is a bit oily, but still quite delicious. Pig Intestine Salad here is quite delicious. Don’t forget to try Lasaho 7 layered Paut-Si too.

ရန်ကုန်က ရှမ်းခေါက်ဆွဲဆိုင် ကောင်းကောင်းတွေ

ရန်ကုန်မှာ ရှမ်းခေါက်ဆွဲ ကောင်းကောင်း စားချင်တယ် ဆိုလျှင်တော့ ၃၄ လမ်း၊ အလယ်ဘလောက်က (မြို့တော်ခန်းမ ရှိတဲ့ဘလောက်ပါ) “၉၉၉” ရှမ်းခေါက်ဆွဲဆိုင်လေးကို ညွှန်းပါရစေ။ သန့်ရှင်းသပ်ရပ်ပြီး စားလို့လဲ ကောင်းပါတယ်။ အင်္ဂလိပ်လို မီးနူးလဲ ရှိတော့ နိုင်ငံခြားသား မိတ်ဆွေတွေ ခေါ်သွားလို့လဲ ကောင်းတာပေါ့။ ရှမ်းခေါက်ဆွဲက ဆီလဲ နည်းတော့ နိုင်ငံခြားသားတွေ အကြိုက်တွေ့ ကြပါတယ်။ ရှမ်းထမင်းချဉ် တော်တော် ကောင်းတယ်။

နောက်တစ်ဆိုင်ကတော့ တာမွေ ဗိုလ်စိန်မှန်လမ်းက “ရွှေနယ်စပ်” ရှမ်းခေါက်ဆွဲဆိုင် ဖြစ်ပါတယ်။ ဆီတော့ နည်းနည်း များပါတယ်။ ဒါပေမယ့် စားလို့တော့ ကောင်းပါတယ်။ ဒီဆိုင်က ဝက်အူမသုတ် တော်တော် စားကောင်းပါတယ်။ လားရှိုး ခုနှစ်လွှာ ပေါက်ဆီလဲ စားကောင်းပါတယ်။

Technorati Tags: , , , , ,

Author: Bamarlay

Bamarlay - Myanmar man is a blogger from Myanmar, currently living in Thailand.

Leave a Reply